နောက်ခံသမိုင်းကြောင်း

၂၀၀၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပြင်စလူမြို့မှ လပွတ္တာ(၃)မိုင်မြို့သစ်သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ) အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ (၁၅-၁၂-၂၀၁၄)ရက်နေ့မှ (၂၃-၅-၂၀၁၈)ရက်နေ့အထိ ကျောင်းအုပ်ကြီးအဖြစ်  ဦးကျော်လွင် (ကထိက)၊ BE(Mech)မှ တာဝန်ထမ်းဆောင်ခဲ့ပြီး (၂၄-၅-၂၀၁၈) ရက်နေ့မှ စတင်၍ ယနေ့အထိ ဒေါက်တာဝတ်ရည်လှိုင်(ညွှန်ကြားရေးမှူး)၊ Ph.D(EP) မှ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ရည်မှန်းချက်

  • လူငယ်လူရွယ်တိုင်း နည်းပညာနှင့်သက်မွေးပညာကို သင်ယူနိုင်ရန် ဖန်တီးပေးပြီး အရည်အချင်းရှိသော  နည်းပညာနှင့်   သက်မွေးပညာရပ်   အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်
  • လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိမှု၊ တစ်ဦးချင်းဝင်ငွေတိုးတက်မှုတို့အတွက်  နည်းပညာနှင့်သက်မွေးပညာ၏ကဏ္ဍကို   မြှင့်တင်ဆောင်ရွက်ရန်
  • တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသလိုအပ်ချက်ဖြစ်သော နည်းပညာနှင့်  သက်မွေးပညာဆိုင်ရာ   ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးရန်

မျှော်မှန်းချက်

  • ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးအာမခံမှုရှိပြီး ကျွမ်းကျင်မှုပြည့်ဝသော အတတ် ပညာရှင် လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးသိပ္ပံ ဖြစ် လာစေရန်ရန်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးကျော်လွင် BE(Mech)၁၅-၁၂-၂၀၁၄ မှ ၂၃-၅-၂၀၁၈ ထိ
ဒေါက်တာဝတ်ရည်လှိုင်Ph.D(EP) ၂၄-၅-၂၀၁၈ မှ ယနေ့ထိ